ညောင်ဦးမြို့နယ် ပဲလွန်းစိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

                ညောင်ဦးမြို့နယ်သည် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့်ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိရာ ပဲလွန်း (ဆောင်း) သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ပဲလွန်း(ဆောင်း)ကို အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်၌ ညောင်ဦးမြို့နယ်တွင် ပဲလွန်းဆောင်းသီးနှံ လျာထားဧက(၁၉၅၀)ဧကရှိပြီး၊ စိုက်ပျိုးမှုမှာ(၂၆၄၉)စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့ပါသည်။ တစ်ဧကလျှင်ပျမ်းမျှအထွက်နှုန်းအနေဖြင့်(၉)တင်းခန့်ထွက်ရှိကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ အများဆုံးစိုက်ပျိုးသောကျေးရွာများမှာ တောင်ဘီ၊ ဝက်ကြီးအင်း၊ မင်းနန်းသူ၊ ကုန်းတန်းကြီး၊ သန့်စင်ကြယ်နှင့်ဖွားစောကျေးရွာများတွင် စိုက်ပျိုး ကြကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ (၄)လခန့်ကြာမြင့်ကြောင်း၊ ပဲလွန်းသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ ပက်ထယ်ဖုံးစနစ်အပြင် ထယ်ရေးပေါ်တွင် (၂)ပေကြားအတန်းစိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ပင်ထောင်မျိုးနှင့်ပင်ပြန့်မျိုးများကို စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးကုန်ကျမှုအနေဖြင့် (၂)ပြည်ခန့်ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်အားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀)ကျပ်ဝန်းကျင် ကုန်ကျကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလထွက်ပေါ်ချိန်တွင် ပဲလွန်းတစ်တင်းလျှင် (၆၅၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ တစ်ဧကအကျိုးအမြတ်အနေဖြင့်(၃၅၀၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ ပဲလွန်းသီးနှံပေါ်ချိန်တွင် တောင်သူများမှ ညောင်ဦးမြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြ ကြောင်း၊ ထိုပွဲရုံများမှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခု ၂၀၂၆ ခုနှစ်၊ မတ်လ၌ ပဲလွန်းတစ်တင်းလျှင်(၆၇၀၀၀၊ ၇၀၀၀၀)ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း တောင်ဘီကျေးရွာရှိ တောင်သူများထံမှ သိရှိရသည်။    

DOCA(မန္တလေး)