
၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့၊ နေ့လယ်(၃း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ပြည်တွင်းစားဆန်စျေးနှုန်းများနှင့် ဘိလပ်မြေစျေးနှုန်း များအား သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့ပေါ်ရှိ ဆန်ဂိုဒေါင်များ နှင့်ဆန်အရောင်းဆိုင်ကြီးများ အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ သတ်မှတ်ရည်ညွှန်းစျေးနှုန်းထက် စျေးနှုန်းမြှင့် တင်ရောင်းချမှုများ ရှိ/မရှိ၊ MyRO တွင် ဆန်အရ၊ အထုတ်၊ လက်ကျန်များ စာရင်းသွင်းထားခြင်းများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဘိလပ်မြေများနှင့်ဆန်များအား ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ စစ်ဆေးခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
