မြိတ်မြို့ပေါ်ရှိ အချိုရည်အမျိုးမျိုးရောင်းချနေများ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်း ထုတ်ကုန် များစိတ်ချယုံကြည်စွာသုံးစွဲနိုင်ရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး ၂၀၂၆ခုနှစ်၊ ဧပြီလ(၆)ရက်နေ့တွင် မြိတ်မြို့ပေါ်ရှိ အချိုရည်အမျိုးမျိုးရောင်းချနေသော အရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသားပါရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် အချိုရည်ထုတ်ကုန်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အကြောင်းနှင့် အမျိုးအမည်၊ အရွယ်အစား၊ အသားတင် ပမာဏ၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်နှင့် သက်ဆိုင်ရာထောက်ခံချက် စသည်များကို ဖော်ပြရမည်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ထုတ်ကုန်များသာ ရောင်းချရန်ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)