မအူပင်မြို့ပေါ်ရပ်ကွက်နေပြည်သူများအား ဧပြီလဆန်းပိုင်းမှစ၍ ဆီရောင်းချပေးလျက်ရှိ

Powered by Drupal

          ၄.၄.၂၀၂၆နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့ပေါ်ရှိအမှတ်(၁) အမှတ်(၂) အမှတ်(၁၂)ရပ်ကွက်(၃) တို့တွင် စားအုန်းဆီလက္ကားကိုယ်စားလှယ်များမှ ကုန်ဈေးနူန်းတည်ငြိမ်ရေးအတွက် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ဌာနစုံဖြင့် ကွင်းဆင်းကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

        စားအုန်းဆီများကို ပြည်သူ တစ်ဦးလျင်(၅၀)ကျပ် သားဖြင့်ရပ်ကွက်များအား ရောင်းချပေးနေမှုကို သွားရောက်၍ ဌာနပေါင်းစုံ ကြည်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပြီး ကြာပေါ့ စားအုန်းဆီကိုယ်စားလှယ် ဦးသက်ဦးနှင့် ဦးဌေးဝင်း မွန်းလိုက် လက်ကားကိုယ်စားလှယ်တို့ မှ ရောင်းချပေးရာ ရောင်းချဈေး ၇၃၀၀ကျပ်၊ ပိဿာ ၁၁၀အား ပြည်သူတစ်ဦးလျှင် ၅၀ကျပ်သားဖြင့် ‌ရောင်းချပေးပေးလျက်ရှိကြောင်း သိရသည်။ အလားတူ ပန်းတနော်မြို့နယ်ဆီအသင်းမှ အနောက်ပိုင်းရပ်ကွက် နေပြည်သူများကို စားအုန်းဆီ ၁ဦးလျှင် ၅၀ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)