Online စနစ်ဖြင့် အလှကုန်၊ Fancy ပစ္စည်းနှင့် အိတ်အမျိုးမျိုး လက်လီ/လက်ကား ရောင်းချသည့် ဟွမ်မွေ Online Shop လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

                  ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး)နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ ရပ်ကွက် (၁)၊ ယန်းခမ်းရပ်အတွင်းရှိ Online စနစ်ဖြင့် အလှကုန်၊ Fancy ပစ္စည်းနှင့် အိတ်အမျိုးမျိုး လက်လီ/လက်ကား ရောင်းချသည့် ဟွမ်မွေ Online Shop လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

                       ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ်ရာ တွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှု ပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက် ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ 

DOCA(ရှမ်း)