
ကမ္ဘောဒီးယားနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Cham Nimul မှ ကမ္ဘောဒီးယားနိုင်ငံ၏ အရည်အသွေးမြင့်ဆန် အမှတ်တံဆိပ် Golden King ကို ဟောင်ကောင်နှင့် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ လက်လီအရောင်းဆိုင် ၃၄၅ ဆိုင်ကျော်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးလုပ်ငန်းကို နိုင်ငံတကာသို့တိုးချဲ့ရာတွင် အဓိကခြေလှမ်း တစ်ခုဖြစ်ကြောင်း ကြေညာခဲ့သည်။ ဤတိုးချဲ့မှုသည် အာရှ၏ အဓိကစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သော DFI Retail Group နှင့် Amru Rice Co.,Ltd (Cambodia) တို့ ပူးပေါင်းဆောင်ရွက်ပြီး ဆန်များကို ဟောင်ကောင်ရှိ Wellcome Super Markets ၂၄၅ ဆိုင်ကျော်နှင့် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ Lucky Super Markets ၁၀၀ ခန့်တွင် ရရှိနိုင်ပြီဖြစ်ကြောင်း ထပ်လောင်းကြေညာခဲ့ သည်။ Cham Nimul က ကမ္ဘောဒီးယားကောက်ပဲသီးနှံများကို ပြည်ပတွင် မြှင့်တင်ပေးသည့်အတွက် Amru Rice Co.,Ltd (Cambodia) ကို ချီးကျူးဂုဏ်ပြုခဲ့သည်။ Cham Nimul က အမှတ်တံဆိပ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့ဈေးကွက်များသို့ အဆင့်မြင့်ထုတ်ကုန်များတင်ပို့မှုအတွက် ပိုမိုဝင်ရောက်နိုင်ရေးတို့ကိုအာရုံစိုက်၍ ပိုကုန်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့မှတစ်ဆင့် အစိုးရ၏ ပံ့ပိုးမှုများကို ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
