“ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်ရောင်း)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

Powered by Drupal

                        ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်: လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ မတ်လ(၂၆)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ဆေးဝါးစက်ရုံ (အင်ရောင်း)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်ထူးက တက်ရောက်လာသည့် စက်ရုံဝန်ထမ်း အရာရှိ/အရာထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များ ဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းအကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က Online ရောင်းဝယ်မှုဆိုင်ရာ အားသာချက်၊ အားနည်းချက်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်တိုင်ကြားနိုင်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပြီးအသိပညာပေးဟောပြောဆွေးနွေးပွဲသို့စက်ရုံဝန်ထမ်းအရာရှိ/အရာထမ်း စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော စက်ရုံဝန်ထမ်း အရာရှိ/အရာထမ်းများအား  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)