ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ (အထက) ခွဲကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (အထက)ခွဲ ကျောင်း၌ ၂.၁၂.၂၀၂၂ ရက်နေ့တွင် မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားအကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၁၆၂) ဦးတက်ရောက်ခဲ့ပြီး ဌာနမှ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)