သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ သတ်မှတ်စံချိန်စံညွှန်းအတိုင်းရောင်းချရေး လိုက်လံစစ်ဆေး

Powered by Drupal

    ၁၉.၄.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များ၌ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရောင်းချရေးနှင့် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြသည်။

     ထိုသို့ သွားရောက်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက စက်သုံးဆီ အရောင်းဆိုင်များ၌ ရောင်းချနေသည့် စက်သုံးဆီများအား အလေးချိန် စံချိန်စံညွှန်းများပြည့်မီခြင်း ရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/မရှိနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုရှိ/မရှိတို့ကို လိုက်လံစစ်ဆေး ကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)