
နွားထိုးကြီးမြို့နယ်သည် ဆည်ရေသောက်အသင့်အတင့်ရှိပြီး သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်း၍ ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲများအပြင် စျေးကွက်ဝယ်လိုအားရှိသော တိရစ္ဆာန် အစာဖြစ်သော ကျွဲ၊ နွားစာများဖူလုံစေရန် နှံစားပြောင်းသီးနှံကိုလည်း စိုက်ပျိုးထား ကြောင်း၊ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်တွင် နွားထိုးကြီးမြို့နယ်၌ နှံစားပြောင်း သီးနှံကို (၂၅၄၅၉) ဧကခန့် စိုက်ပျိုး ထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နှံစားပြောင်းသီးနှံကို နနွင်းတော်ဘိုးရွာ၊ ကံရွာ၊ ပဲကြီးခင်းရွာ၊ ထန်းတောမရွာ၊ ကျောက်တန်းရွာ၊ ညောင်ပင်ရွာနှင့် မျက်ရှုကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးထားကြောင်း၊ ရာနှုန်းပြည့်ရိတ်သိမ်း ပြီးစီးပြီးဖြစ် ကြောင်း၊ စိုက်ပျိုး ရာတွင် မျိုးအနေဖြင့် အထွက်တိုးနီမျိုး များကို သာအများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုး(၄-၅)ပြည်ခန့် စိုက်ပျိုးရကြောင်း (၁)ပြည်လျှင်(၂၅၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထယ်စနစ်ဖြင့် စိုက်ကြောင်း ဆွဲအစေ့ချ၊ အတန်းလိုက် စိုက်ပျိုးရကြောင်း၊ ဆည်ရေမရရှိသော ယာမြေများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၂၈၅၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ဇွန်လနှင့် ဇူလိုင်လတို့တွင် စတင်စိုက်ပျိုးပြီး ယခုအချိန်တွင် အားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ် ကြောင်း၊ အထွက်နှုန်း အနေဖြင့် (၂၅) တင်းခန့် ထွက်ရှိပြီး စျေးနှုန်းအနေဖြင့် ယခုလက်ရှိ ပေါက်ဈေး အနေဖြင့် နှံစားပြောင်း တစ်တင်းလျှင် (၂၅၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်း ချကြကြောင်း၊ထိုပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်း ချလျက်ရှိကြောင်း၊ တစ်ဧကစိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် စိုက်ပျိုး စရိတ် နှုတ်ပြီး (၃၄၀၀၀၀)ကျပ် ခန့်ရရှိကြောင်း၊ နှံစားပြောင်းသီးနှံ စိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျ စရိတ်သက်သာပြီး အကျိုး အမြတ်ရရှိ၍ ကျွဲ၊ နွားစာပါ ဖူလုံသောကြောင့် တောင်သူများအနေဖြင့် စီးပွားဖြစ် ဝင်ငွေတိုးကြောင်း နနွင်းတော်ဘိုးရွာမှ နှံစားပြောင်း စိုက်တောင်သူ၏ ပြောပြချက် အရသိရှိရသည်။
Doca(မန္တလေး)
