
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံး သူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံ စိတ်ချရမှုရှိစေရန် ရည်ရွယ်၍ လစဉ်သတ်မှတ်ထားသော ဦးစားပေးကုန်စည်အမျိုးမျိုးနှင့် အခြား ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီ မှုရှိ/မရှိ ဈေးကွက် စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်း စောင့်ကြည့်စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက် လျက်ရှိပါ သည်။
ပခုက္ကူခရိုင်အနေဖြင့် ဖေဖော်ဝါရီလအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့မှ ဦးဆောင်၍ ပခုက္ကူမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဆပ်ပြာမှုန့် အမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ ထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချ လျက်ရှိသော ကုန်စုံဆိုင်နှင့်စတိုးများ၊ ရောင်းချနေသောကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့် သွင်းဖော်ပြထားခြင်းရှိ/မရှိ(၃)ကြိမ်၊ ဆိပ်ဖြူမြို့တွင်(၁)ကြိမ်၊ ဂန့်ဂေါမြို့တွင်(၁)ကြိမ်၊ ပခုက္ကူမြို့နှင့် ဆိပ်ဖြူမြို့တွင်စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၂)ကြိမ်၊ ဈေးကွက်မရောက်မီ ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်နှင့် ဆန်ခေါက်ဆွဲ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ သည့် လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ(၂)ကြိမ်၊ စုစုပေါင်းဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်း(၉)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါး များအား သတ်မှတ်ရည်ညွှန်း ဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်း အရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသောယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချ သည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေး လုပ်ငန်းရှင် ၏ တာဝန်များနှင့်ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များသိရှိစေရန် အသိပညာပေးခြင်းနှင့် အွန်လိုင်း စနစ်ဖြင့်ရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အွန်လိုင်းမှတ်ပုံတင်ရန်အတွက် လိုအပ်သည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ အသိပညာပေးခြင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ပို့/ဆက်ဦးစီးဌာန၊ မော်တော်ယာဉ်လိုင်း များ ကြီးကြပ်မှုကော်မတီနှင့်ပူးပေါင်းပြီး မော်တော်ယာဉ်လိုင်းများကြီးကြပ်မှု ကော်မတီရုံးတွင် သယ် ယူပို့ ဆောင်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ တိုင်ကြားမှုနှင့်ဖြစ်စဉ်များအား Power Point ဖြင့် အသေးစိတ် အသိပညာပေးဆွေးနွေးပြီး သယ်ယူပို့ဆောင်ရေး ကားဂိတ်များသို့ ကွင်းဆင်းစစ်ဆေး မှုများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
