မွန်ပြည်နယ် ရော်ဘာစိုက်တောင်သူများနှင့် တွေ့ဆုံပွဲသို့ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

“မွန်ပြည်နယ်ရော်ဘာစိုက်တောင်သူများနှင့့်ဆုံပွဲ” အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇမ္ဗူကျော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး တက်ရောက်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မွန်ပြည်နယ်ရုံးမှ ဝန်ထမ်းများ၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ရော်ဘာစိုက်တောင်သူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၅၆) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး က စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူးက ရော်ဘာသုတေသနစစ်တမ်းရလဒ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ မေးမြန်းခြင်းများကို တာဝန်ရှိသူများက ဖြေကြားခဲ့ပါသည်။ ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက နိဂုံးချုပ်ပြောကြားခဲ့ပြီး အခမ်းအနားအား နေ့လယ် (၁၂:၃၀) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)