
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေး ပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၁.၄.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းတို့သည် ညောင်လေးပင်မြို့၊ မြို့မ (၃) ရွာသစ်ရပ်ကွက်ရှိ (မြင့်မိုရ်မေမေ) မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် လုပ်ငန်းအခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။
ခရိုင်ဦးစီးမှူးသည် (မြင့်မိုရ်မေမေ) မုန့်မျိုးစုံ လုပ်ငန်းရှင် ဦးအောင်အောင်အား လုပ်ငန်း အခြေအနေများ မေးမြန်းခဲ့ရာ ဦးအောင်အောင်က လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးမှူးက မှတ်တမ်းတင်ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းအတွက် လိုအပ် သော စားသုံးဆီများလိုအပ်ချက်နှင့် ပတ်သက်၍ ဆွေးနွေးကြပြီး ရရှိလာသော စက်မှုလုပ်ငန်းသုံး ဆီများကို မိမိလုပ်ငန်းအတွက်သာ သုံးစွဲရန်နှင့် ဈေးကွက်အတွင်း ဈေးတင်ရောင်းချခြင်း မပြုလုပ် ရန်၊ လုပ်ငန်းခွင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
