မြိတ်မြို့၊ သာကေတရပ်ရှိ စည်သွပ်အစားအစာ ရောင်းချနေသော ကုန်တိုက်အား စျေးကွက် စောင့်ကြည့်စစ်ဆေး

Powered by Drupal

     မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးစသောမိတ်ဖက်ဌာနများဖြင့် ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့တွင် မြိတ်မြို့၊ သာကေတရပ်ရှိ Market Garden ကုန်တိုက်တွင်ရောင်းချနေသော စည်သွပ်အစားအစာများအား ကုန်အညွှန်းအမှတ်အသားပါရှိစေရေး စျေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြကြောင်း သိရှိရပါသည်။

    စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Market Garden ကုန်တိုက်တွင် ရောင်းချနေသော စည်သွပ်အစားအစာများအား ဘေးအန္တရာယ်ကင်းရှင်းစေရန် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရမည့်အကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဖော်ပြရမည့်အချက်များ အားရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)