စားသုံးသူများ ကျန်းမာပျော်ရွှင်စိတ်ကျေနပ်စေဖို့ စားသုံးသူကာကွယ်ရေးဥပဒေဖြင့် ကာကွယ်ပေးကြပါစို့

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၆)ရက်နေ့တွင် နံနက်(၉:၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ပိုမိုတိုးပွားစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတွင်(၃)နှစ်မှ (၅)နှစ်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ECCD အခြေခံအခမဲ့သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းမှ ဆရာ/ဆရာမ(၁၁)ဦးနှင့် သင်တန်းသား/သင်တန်းသူ(၂၀)ဦးတို့အား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

       ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ ဝန်ကြီးဌာန၏ ဆောင်ပုဒ်၊ Vision and Mission များနှင့် ဦးစီးဌာန၏ ဆောင်ပုဒ်၊ Vision and Mission များ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဌာန်းထားကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာပါက ထုတ်လုပ်သူရော စားသုံးသူပါ လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားများဖြစ်ထွန်းစေလိုကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း၊ အခွင့်အရေးချိုး ဖောက်ခံရပါက မှန်ကန်ပြည့်စုံသည့် အထောက်အထားများနှင့်အတူ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာဖွင့်လှစ်ထားရှိပြီးဖြစ်၍ လာရောက်တိုင်ကြားခြင်းဖြင့် ကုစားမှုများပေးနိုင်မည်ဖြစ်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာ ကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) အား ဖွင့်လှစ်ထားကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အသေးစိတ်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ခြင်းနှင့် ပတ်သက်၍ တက်ရောက်လာသူများမှ မေးမြန်းလာမှုများအား ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

       သင်တန်းသား/သင်တန်းသူများမှလည်း ယခုလို လာရောက်အသိပညာပေးခြင်းဖြင့် မိမိတို့၏ဌာန လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် ဗဟုသုတ၊ အကျိုးကျေးဇူးများ များစွာရရှိပြီး မိမိတို့မှတဆင့် ပြန်လည်ဖြန့်ဝေခြင်းဖြင့် ကလေးသူငယ်၊ အများပြည်သူများ အသိပညာများ ပိုမိုသိရှိလာမည်ဖြစ်ပြီး ဝမ်းသာဂုဏ်ယူမိပါကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

DOCA(မကွေး)