ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက် များအရ ပဲပိစပ်ဆီ တင်သွင်းမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ် ဇန်နဝါရီလမှ ဧပြီလ အတွင်း သိသိသာသာ ကျဆင်းမှုရှိသည်။
ပြည်တွင်းစျေးနှုန်းများသည် နိုင်ငံတကာဈေးကွက်ပေါက်နှုန်းနှင့်အညီ ညှိနှိုင်းပြင်ဆင်ထား ခြင်း မရှိသောကြောင့် တင်သွင်းမှုများကို လျှော့ချလိုက်ကြောင်း သွင်းကုန်လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။ ယခုလက်ရှိအစိုးရနှင့် ယခင်ကြားဖြတ်အစိုးရတို့ထံ ဈေးနှုန်းတိုးမြှင့် ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အရှုံးခံရောင်းချနေရသည့် အခြေအနေမှာ ရေရှည်တွင် မဖြစ်နိုင်တော့ကြောင်း ၎င်းတို့က ဖြည့်စွက် ပြောကြားခဲ့ပါသည်။ သို့သော်လည်း အစိုးရဘက် ကမူ ဈေးနှုန်းကို ထိန်းချုပ် ထားရန် ကြိုးပမ်းနေပြီး တင်သွင်းမှု အခြေအနေမှာ တည်ငြိမ်နေဆဲဖြစ် သဖြင့် ယခုအချိန်တွင် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ကြောင်း တုံ့ပြန်ထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ စားအုန်းဆီ တင်သွင်းမှုများသည် ယခင်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့တွင် တန်ချိန် ၄.၅၉ သိန်း ရှိခဲ့ရာမှ ယခုနှစ်ကာလတူတွင် တန်ချိန် ၄.၅၇ သိန်းသာရှိသဖြင့် သိသာစွာ ပြောင်းလဲခြင်း မရှိကြောင်း ဖော်ပြထားသည်။ သို့သော်လည်း ပဲပိစပ်ဆီတင်သွင်းမှုသည် ယင်းကာလအတွင်း တန်ချိန် ၄.၄၈ သိန်းမှ ၂.၆၁ သိန်းသို့ သိသာစွာ ကျဆင်းသွားကြောင်း ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နှစ်စဉ် စားအုန်းဆီဝယ်လိုအားမှာ တန်ချိန် ၂၄သိန်းဖြစ်ပြီး ၉၀ ရာခိုင် နှုန်းက ပြည်ပမှတင်သွင်းကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုန်သွယ်ရေးနှင့် အကောက်ခွန် ကော်မရှင် ၏ အချက်အလက်များအရ သိရပါသည်။ မကြာသေးမီကာလက ဈေးကွက်အတွင်း အချို့ဒေသ များ၌ ဟင်းချက်ဆီ ပြတ်လပ်မှုများကြောင့် ဈေးနှုန်းများ မြင့်တက်နေပြီး ဝယ်ယူရန် ခက်ခဲလာ သည်။
ထိပ်သီးစားအုန်းဆီတင်သွင်းသူတစ်ဦးဖြစ်သည့် Meghna Group of Industries ၏ ဥက္ကဋ္ဌ Mostafa Kamal က ဈေးနှုန်းသတ်မှတ်ချက်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသည့် အတွက် ယခုကဲ့သို့ တင်သွင်းမှု လျော့ကျလာခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ထို့အပြင် ဈေးနှုန်းသတ်မှတ်ခြင်းနှင့်စပ်လျဉ်းသည့် အစိုးရအစည်းအဝေးများကို ယခင်နှစ် အောက်တိုဘာ လနှင့် နိုဝင်ဘာလတို့တွင် ဆွေးနွေးပြောကြားခဲ့သော်လည်း အကောင်အထည်ဖော်နိုင်ရန် နှောင့် နှေး ကြန့်ကြာခဲ့ကြောင်းနှင့် ထိရောက်သောဆုံးဖြတ်ချက်ကို မချမှတ်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့ သည်။ ၎င်းက "လုပ်ငန်းရှင်တွေ အရှုံးနဲ့ လည်ပတ်နေရတာပါ၊ ဘယ်ကုမ္ပဏီမှ ရေရှည်အရှုံးမခံ နိုင်ဘူး" ဟု အနာဂတ်ကာလများမှာ ရောင်းလိုအားနှင့်စပ်လျဉ်းပြီး သတိပေးပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ်၏ ကုန်စည်ဈေးနှုန်းဆိုင်ရာအချက်အလက်များအရ နိုင်ငံတကာဈေးကွက်၌ ပဲပုပ်ဆီဈေးနှုန်းသည် ဇန်နဝါရီလတွင် တစ်တန်လျှင် ၁,၁၅၄ ဒေါ်လာ အရောင်းအဝယ်ဖြစ်ရာမှ ဖေဖော်ဝါရီလတွင် ၁,၂၈၂ ဒေါ်လာ မတ်လတွင် ၁,၄၈၂ ဒေါ်လာအထိ မြင့်တက်လာခဲ့သည်။ အမည်မဖော်လိုသည့် အဓိကတင်သွင်းသူအရာရှိတစ်ဦး၏ အဆိုအရ ဆီတစ်လီတာလျှင် တာကာ ၂၀ (Tk 20) ခန့် အရှုံးပေါ်နေခြင်းကြောင့် ကုမ္ပဏီများအနေဖြင့် ပုံမှန်စတော့ပမာဏကို ထိန်းသိမ်း နိုင်ရန် ဖိအားများရှိနေပြီး သင်္ဘောတစ်စီးစာ တင်သွင်းတိုင်း တာကာ ၁၅ ကုဋေမှ ၂၀ ကုဋေ အထိ အရှုံးပေါ်နိုင်ကြောင်း သိရသည်။
ပဲပိစပ်ဆီနှင့်စပ်လျဉ်းပြီး အစိုးရက စုဆောင်းရရှိသော အချက်အလက်များအရ ဈေးနှုန်းကို တံဆိပ်ပေါ်တွင် ရိုက်နှိပ်ထားသည့် ဗူးသွင်း ပဲပုပ်ဆီသည် ဈေးကစားရန် အခွင့်အလမ်း မရှိကြောင်း ဖော်ပြသနေသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Khandakar Abdul Muktadir ပြောကြားခဲ့သည်။ ဗူးသွင်းဆီ ရောင်းလိုအားသည် လက်ရှိတွင် “အတန်ငယ် အကန့်အသတ် ရှိသည်” ဟု ၎င်းက ပြန်ကြားခဲ့သည်။ မထုပ်ပိုးရသေးသည် ပဲပိစပ်ဆီသည် အစိုးရသတ်မှတ် ဈေးထက် အနည်းငယ် ပိုမြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေသော်လည်း “ပမာဏ လုံလုံ လောက်လောက် ရှိနေသည်”ဟု ဆိုသည်။ “ကျွန်တော်တို့အနေဖြင့် ယင်းအခြေအနေများကို အနီး ကပ် စောင့်ကြည့်လျက်ရှိပြီး သင့်လျော်သော အရေးယူ ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်” ဟု ဆိုပါသည်။
ကျွန်တော်တို့အနေဖြင့် “အရေးကြီးကုန်စည်များ၏ လက်ရှိဈေးနှုန်းအဆင့်အတန်းအပြင် တင်သွင်းမှုအခြေအနေများကိုလည်း ပြန်လည် သုံးသပ်လျက်ရှိပြီး ယခုအချိန်အထိ သွင်းကုန် အခြေအနေသည် တည်ငြိမ်နေဆဲဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ကြီးကြီးမားမား ဝင်ရောက် စွက်ဖက်သင့်သည့် အဓိကပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်မလာသေးပါ" ဟု ဝန်ကြီး က ထပ် လောင်းပြောကြားခဲ့သည်။
Source: The Daily Star, 23 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
