
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး) နှင့် ဒေါ်စန်းရုံ (အကြီးတန်းစာရေး)တို့သည်၅ -၅-၂၀၂၆ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ စားသုံးသူပြည်သူ(၁၅)ဦးအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက် ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု များကို ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်ရန်ရည်ရွယ်လျက် အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှု အဓိပ္ပာယ် ဖွင့်ဆိုချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအကြောင်း၊ အီလက်ထရောအငွေ့ရှူစက်ဖြစ်သည့် အီလက်ထရောနစ်ရှီရှား၊ ယင်းအီလက်ထရောနစ်ကဲ့သို့ အလားတူ ပစ္စည်းများအကြောင်း၊ Online Shoppingများမှ ဝယ်ယူသုံးစွဲရာတွင် သတိပြုဆောင်ရွက် သင့်သည့်အချက်များအကြောင်း၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ရယူသုံးစွဲခြင်းကြောင့် နစ်နာ ဆုံးရှုံးမှုများ ပေါ်ပေါက်လာပါကလည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်း ပေးနေမှုအခြေအနေများ၊ Call Center 1535 သို့ တိုက်ရိုက် ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်သည့် အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
