“ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း”တွင် စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်း၌ ၆.၁၂.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ကန့်ဘလူ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် မိတ်ဖက်ဌာနများမှ မိမိတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများ ကိုဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည် များကို စနစ်တကျရွေးချယ်ဝယ်ယူ သုံးစွဲတတ်စေရန် အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ် လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းအုပ် ဆရာကြီး၊ ဆရာ/ဆရာမ (၇)ဦးနှင့် ကျောင်းသား ကျောင်းသူ (၁၂၅)ဦး ၊ စုစုပေါင်း (၁၃၂) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)