
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ပြည်သူ့ကျန်းမာရေးဦးစီး ဌာနစသည့်ပါဝင်သောအဖွဲ့သည် ဧပြီလ(၂၃)ရက်နေ့တွင် မြစ်သားမြို့နယ်၊ကူမဲမြို့၊ရွာသာကျေးရွာရှိ New A1 Family ငရုတ်သီးအခြောက်ခံ နှင့် အအေးခန်းစက်ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က ပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာကော်မတီဥက္ကဌ၏ လမ်းညွှန်မှုအရ ငရုတ်သီး နှမ်းကပ်ကြော်များ၌ အာဖလာတော့ဆင်အဆိပ် ရှိ/မရှိ အား သက်ဆိုင်ရာ ဌာနများဖြင့် ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားမှုအရ လာရောက်ရခြင်းဖြစ်ကြောင်း၊ ကုန်ပစ္စည်းများ၌လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များကို စီးပွာရေးလုပ်ငန်းရှင်၏တာဝန်များအားရှင်းလင်းပြောကြာခဲ့ပါသည် ။ စက်ရုံ၏ ဒါရိုက်တာဖြစ်သူ ဒေါ်အေးခိုင်စိုးမှ ပြောကြားရာတွင် ငရုတ်သီးလုပ်ငန်းအား ၁၉၈၂ ခုနှစ်ကစပြီး လုပ်ကိုင်လျက်ရှိကြောင်း ၊ ၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီတည်ထောင်ပြီး ၂၀၁၈ခုနှစ် တွင်စက်ရုံအား တည်ဆောက်ခဲ့ပါကြောင်း၊ငရုတ်သီးနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ဗီယက်နမ်၊ ထိုင်းနှင့်မလေးရှားနိုင်ငံများသို့ ယခင်က Boder Trade ဖြင့်တင်ပို့ခဲ့ပြီး ယခုအခါ ပင်လယ် ရေကြောင်းမှတဆင့် တင်ပို့လျက်ရှိကြောင်း ၊ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ ဖြစ်သည့် ISO 22000:2018 ၊ HACCP ၊ GMP များအားရရှိထားပြီး ၂၀၁၉ ခုနှစ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)အား ရရှိခဲ့ပါကြောင်း ၊ ငရုတ်သီးအား အေးခဲအောင်ပြုလုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကိုရီးယားနိုင်ငံသို့ (၂၄)တန် တင်ပို့ခဲ့ပြီး မေလတွင် (၄၈)တန် တင်ပို့ရန် အမှာစာရရှိထားပါကြောင်း၊ ဂျပန်နိုင်ငံသို့ ငရုတ်သီးအား အမှုန့်ပြုလုပ်ပြီး တင်ပို့လျက်ရှိရာ (၂၆)တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း ၊ ၄င်းငရုတ်သီးများအား ဧရာဝတီတိုင်းဒေသကြီး၊ ကျောက်ဆည်၊ မြစ်သား၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ မြင်းခြံ၊စလင်းမြို့များတွင် ကိုယ်ပိုင်ပွဲရုံများတည်ထောင်ပြီးဝယ်ယူခဲ့ကြောင်း၊ငရုတ်သီးနှမ်းကပ်ကြော် အား ပြုလုပ်ရာတွင် ငရုတ်သီး၊အကြော်မှုန့်၊ဆား၊နှမ်းနှင့်ဟင်းချိုမှုန့်တို့အား အသုံးပြုပါကြောင်း ၊ ၄င်းတွင်အသုံးပြုသည့် ငရုတ်သီးအား ရှမ်းပြည်နယ်မှထွက်ရှိသည့် ပန်းရဲမျိုး နှင့် ဧရာဝတီက ထွက်ရှိသည့် ငရုတ်သီးကိုသာ အသုံးပြုပါကြောင်း ၊ ၄င်းငရုတ်သီးများအား ရေစင်အောင်ဆေးပြီး စက်ရုံရှိ Solar Drome ဖြင့် အခြောက်ခံခြင်း၊ စက်များဖြင့်အခြောက်ခံခြင်းများပြုလုပ်ရပါကြောင်း၊ အခြောက်ခံပြီးငရုတ်သီးများအားအညှာခြွေခြင်း၊ အရည်အသွေးညံ့သည့် ငရုတ်သီးများအား ဖယ်ရှားခြင်း နှင့် ငရုတ်သီးအစေ့များအား ဖယ်ထုတ်ပြီး ရေဖြင့်ဆေးရပါကြောင်း ၊ ထို့နောက် တစ်ကြိမ်လျှင် ၁၅မိနစ်ခန့် အပူဖြင့် ၇ကြိမ်ခန့် ပြုတ်ပေးရပြီး အကြော်မှုန့် ၊ ဆား ၊ နှမ်း နှင့် ဟင်းချိုမှုန့်အား အသုံးပြုပြီး ဆီဖြင့်ကြော်၍ ငရုတ်နှမ်းကပ်ကြော် အဖြစ်ရရှိပါကြောင်း၊စက်ရုံ၏ ကိုယ်ပိုင်ဓါတ်ခွဲခန်း၌ ELISA method ဖြင့် Aflatoxin contamination အာဖလာတော့ဆင်မှိုဆိပ်ကို Raw Chili Batch အလိုက် တိုင်းတာစစ်ဆေးလျက်ရှိကြောင်း ၊ Moistuer အစိုဓါတ်ကို Infrared စက်ဖြင့် နေ့စဉ်တိုင်းတာစစ်ဆေးလျက်ရှိကြောင်း ၊ ISO 22000:2018 စံနှုန်းအရ Raw Dried Chili ရဲ့ Total Aflatoxin ကိုပြင်ပ ဓါတ်ခွဲခန်း၌ နှစ်စဉ်စစ်ဆေး လျက်ရှိကြောင်း၊ငရုတ်သီးနှမ်းကပ်ကြော်အား တစ်နှစ်ပတ်လုပ်ထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများအား အအေးခန်းထဲ၌သိုလှောင် ထားရှိကြောင်း ၊ (၁)လထုတ်လုပ်မှုအနေဖြင့် ငရုတ်သီးကုန်ကြမ်း (272)Kg ကုန်ကျပြီး ကုန်ချော ငရုတ်သီးနှမ်း ကပ်ကြော်အနေဖြင့် (476)Kg (70)gm အထုတ်ရေ (၆၈၀၀)ထွက်ရှိကြောင်း ၊ စျေးကွက်အနေဖြင့် City Mark နှင့် Oceam များ၌ တစ်ထုတ်လျှင်(၃၀၀၀/-)ကျပ် စျေးနှုန်းဖြင့် အများဆုံးဖြန့်ဖြူးလျက်ရှိကြောင်းစသည့် စက်ရုံနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်ပူးပေါင်းအဖွဲ့သည် စက်ရုံအတွင်းရှိ ကုန်ကြမ်းထားရှိသည့် နေရာ၊ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်နှင့်ထုတ်ပိုးမှု နေရာများအား စစ်ဆေးခဲ့ကြောင်းသတင်းရရှိ ပါသည်။ DOCA(မန္တလေး)
