ရင်းနှီးမြှုပ်နှံသူများ၏ ရွှေဒင်္ဂါးနှင့် ရွှေတုံးဝယ်လိုအား မြင့်တက်လာသော်လည်း တရုတ်နိုင်ငံ၏ ရွှေထုတ်လုပ်မှု ကျဆင်း

Powered by Drupal

       တရုတ်နိုင်ငံရွှေအသင်း (China Gold Association) ၏ အချက်အလက်များအရ ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးမှုများနှင့် ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းမှုများကြောင့် ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ ရွှေထုတ်လုပ်မှု ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။
          ပြည်တွင်းနှင့် ပြည်ပမှ တင်သွင်းသော ကုန်ကြမ်းများအပါအဝင် စုစုပေါင်းထုတ်လုပ်မှုသည် ယခင်နှစ် အလားတူကာလထက် ၃.၂၇ ရာခိုင်နှုန်း ကျဆင်းကာ ၁၃၆.၂၃ တန်ခန့်သာရှိခဲ့ပြီး၊ မိုင်းတွင်းထွက်ရှိမှုမှာ ၇.၀၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော်လည်း တရုတ်နိုင်ငံရွှေလုပ်ငန်းစုကြီးများ၏ ပြည်ပတွင် သွားရောက်ထုတ်လုပ်မှုမှာမူ ၃၀ ရာခိုင်နှုန်း ကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ရွှေသုံးစွဲမှုမှာ ခိုင်မာသော ရင်းနှီးမြှုပ်နှံမှု ဝယ်လိုအားကြောင့် ယခင်နှစ်ထက် ၄.၄၁ ရာခိုင်နှုန်း မြင့်တက်ကာ ၃၀၃.၂၉ တန်ခန့် ရှိခဲ့ကြောင်း သိရပါသည်။

          ရွှေတုံးနှင့် ရွှေဒင်္ဂါး ဝယ်ယူမှုမှာ ၄၆.၄ ရာခိုင်နှုန်းအထိ ခုန်တက်သွားသော်လည်း၊ ရွှေထည်လက်ဝတ်ရတနာ သုံးစွဲမှုမှာမူ ရွှေဈေးနှုန်းမြင့်မားခြင်းနှင့် မတည်ငြိမ်ခြင်းတို့ကြောင့် ၃၇.၁ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် အဆိုပါ သုံးလပတ် အတွင်း ၎င်း၏ ရွှေအရန်အင်အားသို့ ၇.၁၅ တန် ထပ်မံဖြည့်တင်းခဲ့ရာ မတ်လကုန်တွင် စုစုပေါင်း ရွှေပိုင်ဆိုင်မှု ၂,၃၁၃.၄၈ တန်ခန့် ရှိလာပြီး ကမ္ဘာ့အဆင့် (၅) နေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

Source: Mining.com                                                                   

DOCA (ရန်ကုန်)