
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ ကုန်အရောင်းဆိုင်များသို့ နီးစပ်ရာဒေသများမှ အာလူးများ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ အာလူးများအနေဖြင့် အလုံးကြီး၊ အလုံးလတ်နှင့် အလုံးသေးဟူ၍ သုံးမျိုးရှိပြီး အလုံးကြီးများကို အာလူးကြော်လုပ်ငန်း များတွင် အသုံးပြုပြီး အလုံးလတ်များကို စားသုံးရာတွင်အသုံးပြုကြောင်း၊ အလုံးသေးများကိုမူ အကြော်စုံသမားများမှ အာလူးကြော်အတွက်အသုံးပြုခြင်း၊ အာလူးထမင်းအတွက် အသုံးပြုခြင်းများရှိကြောင်း သိရှိရသည်။
အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်မှ (၄၅၀၀) ကျပ်အထိရှိပြီး အမျိုးအစား၊ အကြီးအသေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရှိ ရပါသည်။ အာလူးမှာ အမျိုးအစားကွဲပြားသော်လည်း ရောင်းချသည့်ဈေးနှုန်းမှာ အတူတူပင်ဖြစ်ကြောင်း၊ ရှမ်းမြောက်ဒေသတွင်ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် ကုန်စည်စီးဆင်းမှုများခက်ခဲနေ ကြောင်း၊ တောင်ယာလုပ်ငန်းများစိုက်ပျိုးလုပ်ကိုင်ရာတွင် ကုန်ဈေးနှုန်းမတည်ငြိမ်ခြင်းကြောင့်များစွာ အခက်အခဲရှိကြောင်း၊ ယခင်နှစ်များလို စီးပွားဖြစ် စိုက်ဧကများလည်းမပြုလုပ်နိုင်သေးကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
DOCA(ရှမ်း)
