
မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီအသစ်များဝင်ရောက်လာပြီး ပွဲရုံများ၌ တစ်ပတ်လျှင် ကုန်ချိန် ( ၃၀၀ )တန်ခန့်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိ ရပါ သည်။
ဈေးကွက်အတွင်း ယခု ဧပြီလစတုတ္ထပတ်တွင် ကြက်သွန်နီ(သစ်) တစ်ပိဿာလျှင် (၂၀၀၀-၃၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပွဲရုံများ၌ ကြက်သွန်နီ(သစ်) လက်ကား တစ်ပိသာလျှင် (၁၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ကြက်သွန်နီ လက္ကားတစ်ပိဿာလျှင်(၃၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် မြင့်တက်လာကြောင်း ဈေးနှုန်းမြင့်တက်လာရခြင်းမှာ လှောင်လတ်သမားများအဝယ်လိုက်လာခြင်း၊ ပြည်ပတင်ပို့မှုများ ကြောင့် ဖြစ်သည်ဟုသိရပါသည်။
ဈေးကွက်အနေဖြင့် ကြက်သွန်နီကို ဒေသတွင်းရှိတန်ဖိုးမြင့်ထုတ်ကုန်ကြက်သွန်ကြော်လုပ်ငန်း များတွင်အသုံးပြုမှုအပြင် ပြည်တွင်းရှိ ရန်ကုန်၊ပဲခူး၊တာချီလိတ်၊မိုင်းလား၊တောင်ကြီး၊ မော်လမြိုင်မြို့ များသို့ တစ်ပတ်လျှင်ကုန်ချိန်(၁၈၅)တန်ခန့်တင်ပို့လျက်ရှိကြောင်း၊ ပြည်ပဝယ်လက်သို့ နယ်စပ်လမ်း ကြောင်းအနေဖြင့် တာချီလိတ်၊ မိုင်းလားတို့မှတဆင့် တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့နေကြောင်း ကြက်သွန်နီပွဲရုံများမှသိရသည်။
DOCA(မန္တလေး)
