
မိတ္ထီလာဈေးကွက်အတွင်း ဆီထွက်သီးနှံဈေးနှုန်းများမှာ သီးနှံစိုက်ပျိုးရာသီချိန်နီးသဖြင့် ပွဲရုံများ ၌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။
ယခုဧပြီလစတုတ္ထပတ်တွင် နှမ်းညိုတစ်တင်းလျှင်(၁၂၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၃၀၀၀၀)ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် (၁၆၅၀၀-၂၀၀၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၅၄၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နှမ်းဖတ်ဈေးနှုန်းမှာ တည်ငြိမ်နေပြီး နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၁၀၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ခန့်မြင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ ကုန်ကြမ်း လက်ကျန်နည်းလာခြင်း၊သယ်ယူစရိတ်မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟုသိရပါသည်။
ဈေးကွက်အတွင်း၌မြေပဲဆီဆန်တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀-၂၁၀၀၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၇၉၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဆီဆန်တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာ လျှင် (၁၀၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာပြီး ပဲဖတ် ဈေးတည်ငြိမ်နေကြောင်းသိရပါသည်။
ဈေးကွက်အတွင်း၌ နေကြာစေ့တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ရှိပြီး၊ နေကြာဆီ တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နေကြာစေ့တစ်ပိဿာလျှင် (၂၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာ လျှင် (၁၀၀၀)ကျပ် ခန့်ဈေးနှုန်းမြင့်တက်လာပြီး နေကြာဖတ်တစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့်ဈေးနှုန်း ကျဆင်းလာကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
