
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၉၄၀)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၄၅၈)ဧက ၊ မြစ်သား မြို့နယ်တွင် (၃၀၂)ဧက၊ စုစုပေါင်း (၁၇၀၀)ဧက စိုက်ပျိုးထားရှိပြီး ဧကအားလုံးရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှု များရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင်စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ပဲစဉ်ငုံများအာလုံး ရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၁၂-၁၄)တင်းခန့် ထွက်ရှိကြောင်း၊စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၉၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေပြီး စျေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၇၈၀၀၀၀/)ကျပ်ခန့်မြတ်ခဲ့ ကြောင်း ၊ ပဲစဉ်းငုံစိုက် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပွဲရုံများမှသိရှိရပါသည်။
DOCA(မန္တလေး)
