မလေးရှားနိုင်ငံ၏ ရာဘာထုတ်လုပ်မှု ကျဆင်း

Powered by Drupal

         မလေးရှားနိုင်ငံ၏ သဘာဝရာဘာထုတ်လုပ်မှုသည် ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်အတွင်း သိသိသာသာ လျော့ကျခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၅.၃ ရာခိုင်နှုန်း ကျဆင်းကာ ထုတ်လုပ်မှုတန်ချိန် ၇၁,၀၁၃ တန်သာရှိခဲ့ကြောင်း မေလ ၁၃ ရက်နေ့က ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းများအရ သိရသည်။

        မလေးရှားနိုင်ငံ စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်တွင် ယခုထုတ်လုပ်မှု ပမာဏသည် ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ်နှင့် နှိုင်းယှဉ်လျှင်လည်း ၁၀.၄ ရာခိုင်နှုန်း လျော့နည်းသွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ လအလိုက် ထုတ်လုပ်မှုအခြေအနေအရ မတ်လအတွင်း ရာဘာတန်ချိန် ၂၁,၃၁၀ တန် ထုတ်လုပ်နိုင်ခဲ့သဖြင့် ဖေဖော်ဝါရီလထက် ၈.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ယခင်နှစ် မတ်လနှင့် နှိုင်းယှဉ်ပါက ၂၉.၃ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။ မလေးရှားနိုင်ငံ၏ သဘာဝရာဘာ ပြည်ပတင်ပို့မှုမှာ မတ်လအတွင်း တန်ချိန် ၃၃,၁၃၇ တန် ရှိခဲ့ပြီး ယခင်လထက် ၂.၂ ရာခိုင်နှုန်း အနည်းငယ် လျော့ကျခဲ့ကြောင်း သိရသည်။

        မတ်လအတွင်း မလေးရှားရာဘာကို အများဆုံး တင်ပို့ခဲ့သည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး စုစုပေါင်း တင်ပို့မှု၏ ၄၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဂျာမနီနိုင်ငံသည် ၁၈.၁ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်ပြီး၊ ၎င်းတို့၏နောက်တွင် ပေါ်တူဂီ (၄.၆ ရာခိုင်နှုန်း)၊ အမေရိကန် ပြည်ထောင်စု (၄.၄ ရာခိုင်နှုန်း) နှင့် ဘရာဇီးနိုင်ငံ (၃.၉ ရာခိုင်နှုန်း) တို့ အသီးသီး တည်ရှိနေကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)