သစ်သီးဝလံတစ်မျိုးဖြစ်သော မုန်လာဥနီ(ခါကြက်ဥ)အကြောင်း

Powered by Drupal

     မြန်မာအခေါ်အဝေါ်အရ မုန်လာဥနီ( ခါကြက်ဥ )ကို ရုက္ခဗေဒအမည်အရ ဗီတာဗားလဂါးရစ်ဟု ခေါ်ဆိုကြသည်။ မုန်လာဥနီသည်မူလက ကက်စပျစ်ပင်လယ်ဒေသတွင် အလေ့ ကျပေါက်သောအပင်တစ်မျိုးဖြစ်ခဲ့သည်။ မုန်လာဥနီသည်(၂)နှစ်ခံပင်မျိုးဖြစ်ပြီး မုန်လာဥနီသည် အရွက်အစိမ်းကြီးများထူ၍ အရည်ရွမ်းသည်။ စင်စစ်မုန်လာဥနီသည် အရွက်များတွင် ဗီတာမင် နှင့်သတ္တုဓာတ်များစွာပါရှိရာ ဥထက်ပင်အာဟာရပိုများသည်။ မုန်လာနီကို အဂႅလိပ် အမည်အရ (CARROT) ဟု ခေါ်ဆိုကြသည်။ အရှေ့တောင်အာရှနှင့် အရှေ့မြောက်အာရှတိုင်းပြည်များတွင် စိုက်ပျိုးသော မုန်လာဥနီအမျိုးအစားမှာ ဥသေးအမျိုးအစားဖြစ်သည်။

        မုန်လာဥနီကိုမူရင်းစိုက်ပျိုးသောဒေသများမှာ ဧဝရက်တောင်တန်း၊ ဥရောပတိုက်၊ မြေထဲ ပင်လယ်ဒေသ နှင့် အာဖရိကတိုက်မြောက်ပိုင်း တို့ဖြစ်ပါသည်။ ဥရောပတိုက်မုန်လာဥနီမျိုးသည် အထွက်နှုန်းကောင်းမွန်ပြီး အလင်းတုံ့ပြန်မှုနည်းသည်။ အပွင့်ပွင့်မှုနှေးသဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။မုန်လာဥနီကိုအပင်ပေါက်နိုင်ရန်အတွက် အပူချိန်(၄၅-၈၅)ဒီဂရီဖာရင်ဟိုက်အတွင်း ထားရှိရပါသည်။ အကောင်းဆုံးအပူချိန်မှာ(၆၀-၇၀)ဒီဂရီဖာရင်ဟိုက်ဖြစ်ပါသည်။ အစို ဓာတ်များလွန်သောမြေတွင် စိုက်ပျိုးပါက ဥများပုပ်သွားတက်ပါသည်။ ရာသီဥတုအေးသော တောင်ပေါ် ဒေသများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ မုန်လာဥနီသည် သဲနှုန်းမြေဆွေးဓာတ် များသောမြေဆီလွှာပေါ်တွင် စိုက်ပျိုးပါက အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းပါ သည်။ မြေပြန့်တွင် စက်တင်ဘာလဆန်းမှ နိုဝင်ဘာလလယ်တွင် စိုက်ပျိုးနိုင်ပြီး တောင်ပေါ် ဒေသတွင် ဖေဖော်ဝါရီလဆန်းမှ မတ်လလယ်တွင် စိုက်ပျိုးနိုင်ပါသည်။ တစ်ချို့သောဒေသများတွင် ဇွန်၊ ဇူလိုင်တွင်လည်း စိုက်ပျိုးနိုင်ပြီး  အပူအအေးမျှတသောဒေသများတွင်   တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။ 

       မုန်လာဥနီတွင်ဗီတာမင်နှင့်သတ္တုများစွာပါရှိပြီး ဗီတာမင်A၊ ဗီတာမင်E၊ Potassium နှင့် အလွန်ကောင်းမွန်သော beta-carotene ဓာတ်ပါပြီး ကယ်လိုရီအနည်းငယ်သာပါဝင်သည့် အတွက် အစာအိမ်အစာချေဖျက်အားကောင်းမွန်တိုးတက်စေပြီး နှလုံး၊ အသည်းနှင့် အသားအရေ၊ မျက်လုံးအားကိုကောင်းမွန်စေပါသည်။ ကောင်းကျိုးများစွာပါဝင်သောကြောင့် နေ့စဉ်ဘဝတွင် ကျန်းမာရေးအထောက်အကူပြု အစားအစားအဖြစ် နေ့စဉ်စားသုံးပေးရန်သင့်သော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။   

          ယခုအခါမြန်မာနိုင်ငံတွင် မန္တလေးတိုင်ဒေသကြီး ပြင်ဦးလွင်မြို့တို့နှင့် ကရင်ပြည်နယ်အတွင်းရှိ ဘားအံမြို့၊ သံလွင်မြစ်ရေလယ်ထမင်းဆုပ်တောင်နုန်းတင်မြေနုကျွန်းပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပြီး၊ ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့တွင် စီးပွားဖြစ်တွင်ကျယ်စွာစိုက် ပျိုးလျက်ရှိပါသည်။  မြန်မာနိုင်ငံအခြားအအေးပိုင်းဒေသများ၌လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ မုန်လာဥနီသည် မြေဩဇာကောင်းသော မြေပွများတွင်ကောင်းစွာဖြစ်ထွန်းကြပြီး မုန်လာဥနီ၏မျိုးစေ့ကိုရေနွေးဖြင့် နာရီဝက်ခန့်စိမ့်ထားပြီးစိုက်ပျိုးပါက ပုံမှန်စိုက်ပျိုးသည်ထက် ပို၍မြန်စွာ ပေါက်နိုင်ပါသည်။

         မုန်လာဥနီသက်လျှင်မျိုးကို စိုက်ပျိုးပြီးရက်ပေါင်း( ၁၀၀ ) မှ ( ၁၂၀ )အတွင်းဥ ဖော်နိုင်ပါသည်။ အပူချိန်မြင့်ပါက( ၁၀ )ရက်( ၁၅ )ရက်ခန့်စော၍ဥဖော်နိုင်ပါသည်။ ဥဖော်ပြီး မကြာမီအချိန်အတွင်းရေဆေးမှသာဥများ အရောင်တောက်သည်ဟုဆိုကြပါသည်။ မုန်လာဟုနီ သည်တစ်ဧကလျှင် မျိုး၊ ရာသီဥတု၊ မြေအမျိုးအစားပေါ်တွင်လိုက်၍ ထွက်ရှိမှုကွာခြားပါသည်။ ယခုမြန်မာနိုင်ငံတွင် ကျန်းမာရေးလိုအပ်ချက်များနှင့် ဗီတာမင်၊ သတ္တုဓာတ်များစွာပါရှိသည် မုန်လာဥနီကို သစ်သီးဖျော်ရည်အဖြစ်သောက်သုံး၍ ဟင်းလျာအနေဖြင့်လည်ပုံမှန်စားသုံးသောကြောင့် သစ်သီးဝလံဈေးကွက်တွင် မုန်လာဥနီသည်လည်း အရောင်းသွက်သောသီးနှံပင်ဖြစ်ပါသည်။

DOCA(ကယား)