
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး ၁၀ ဂရမ်အထက်နှင့် စပ်လျဥ်း၍ ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းကို ၁၂-၅-၂၀၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဓနုဖြူ မြို့မဈေးကြီး အတွင်းရှိ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်အတွင်း စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဥ်း၍ ကုန်အညွှန်း အမှတ်အသားတွင် ဖော်ပြရမည့် အချက်များပါရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့ အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည် အမျိုးအစား (၁၀) မျိုးအား သတ်မှတ်ကာလများအတိုင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဦးဝင်းမင်းစိုးနှင့် မိတ်ဖက်ဌာန ဆိုင်ရာ များနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြောင်း သိရသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Doca (ဧရာဝတီ)
