မအူပင်မြို့နယ် တံခွန်တိုင်ကျေးရွာတွင် စိုက်ပျိုးသော ခဝဲသီးနှံ စိုက်ပျိုးထွက်ရှိမှု

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်သည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရသော စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံများဖြစ်သော ငရုတ်၊ ဟင်းသီးဟင်းရွက်သီးနှံစုံများကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ၎င်းသီးနှံများအနက် ခဝဲသီးသီးနှံကိုလည်း တောင်သူများမှ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

        ခဝဲသီးစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ခဝဲပုမျိုးနှင့် ခဝဲရှည်မျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ ခဝဲပုမျိုးသည် ဗမာမျိုးဖြစ်ပြီး ထိုင်ဝမ်ခဝဲသီးနှံကိုလည်းစိုက်ပျိုးကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးမှာ ခဝဲရှည်မျိုးဖြစ်ပြီး စိုက်ပျိုးရာတွင် စင်ခံ၍ စိုက်ပျိုးရကြောင်း၊ တစ်ဧကမျိုး စိုက်ပျိုးမှု အနေဖြင့်  (၈)ထုပ်ကုန်ကျကြောင်း၊ မျိုးတစ်ထုပ် ဈေးနှုန်းအနေဖြင့် (၁၂၀၀၀-၁၅၀၀၀)ကျပ်အထိ ဝယ်ယူစိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ တိုင်ထောင်ဝါးများအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ (၅၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက် ၅၀ ခန့်တွင် ရောင်းတန်းဝင် အသီးများရရှိကြောင်း၊ ခဝဲသီး အလုံး၁၀၀လျှင် ငွေကျပ် ငွေကျပ် ၄၀၀၀၀ ကျပ်ခန့်လက်ကားရောင်းချပြီး ၁ဧက ထွက်ရှိမှုမှာ အလုံးရေ ၂၅၀၀ ခန့်ထွက်ရှိကြောင်း၊ ခဝဲစိုက်ပျိုးချိန်မှာ မိုးတွင်းကာလဖြစ်သော မေလတွင် စတင်စိုက်ပျိုး၍  ဇွန်လကုန်ပိုင်းတွင် ထွက်ရှိနိုင်ကြောင်း၊ ယခုထွက်ရှိမှုမှာ ယခင်နှစ်က ထွက်ရှိမှုနှင့် တွက်ချက်ထားပြီး စိုက်ပျိုးဧက၏ အကျိုးအမြတ် ၅သိန်းခန့်ကျန်ရှိကြောင်း ယခင်နှစ်ထက် အကျိုးအမြတ်ပိုမိုရရှိနိုင်ကြောင်း အနိမ့်ဆုံးဈေးဖြင့် ခန့်မှန်းတွက်ချက်ထားကြောင်းကို တံခွန်တိုင်ကျေးရွာမှ ခဝဲသီးစိုက်ပျိုးသူ ဦးလှဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)