အသိပညာပေးဟောပြောခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်) ဦးဆောင်၍ ဒေါ်ခင်ရတနာမျိုး  (အငယ်တန်းစာရေး)တို့သည် ၂၁-၅-၂၀၂၆ ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦးဝင်းသိန်းဦး (ရုံးအုပ်)က စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁) ပုဒ်မ(၂)ပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉)၊ ပုဒ်မ(၂၀)ပါ  စားသုံးသူ၏ တာဝန်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၉)၊ပုဒ်မ(၁၉)ပါ  စားသုံးသူ၏ အခွင့်အရေးများဖြစ်သော ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းစွာ  အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုကို  ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော  သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက် အထားရယူခွင့်ရှိခြင်း၊ စားသုံးသူများ စိတ်ကြိုက်‌ ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း စသည့်အချက်များ အကြောင်း၊   ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆို နိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော စားသုံးသူများအား Consumer Call Center လိုင်းခွဲ() သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအကြောင်း၊ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ အသိပညာများအကြောင်း၊ ရောနှောဆီ အပါအဝင် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော စားသုံးဆီများကို ရေရှည်စားသုံး မိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်မှု၊ စားသုံးသူနှင့် ကိုက်ညီသည့် စားသုံးဆီများကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုရန်၊ စားအုန်းဆီနှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်း၊ အီလက်ထရောနစ် အငွေ့ ရှုစက်နှင့် ပတ်သက်၍ သိကောင်းစရာအကြောင်းတို့အား အသိပညာပေးဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကချင်)