
မြန်မာနိုင်ငံဆန်၊ စပါး ( MyRo ) ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး ( MyRo ) ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ရာတွင် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ဆန်တန်ချိန်(၅၀)နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀) နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသူသည် www.myro.com.mm တွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံ အမျိုးအစား အငယ်၊ အလတ်၊ အကြီး အကျယ်အဝန်းအလိုက်မှတ်ပုံတင်ကြေးကို Digital နည်းဖြင့်ပေးသွင်းရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်သက်တမ်းသည် စတင်ထုတ်ပေးသည့် နေ့မှ တစ်နှစ်တိတိပြည့်မြောက်နေ့ရက်တွင် သက်တမ်းကုန်မည်ဖြစ်ကြောင်း၊ မှတ်ပုံတင် Certificate ရရှိထားသူသည် သက်တမ်းတိုးဆောင်ရွက်ရာတွင် မှတ်ပုံတင်လက်မှတ်၏ သက်တမ်းမကုန်မီ ၂ လကြိုတင်၍ သက်တမ်းတိုးလျှောက်ထားနိုင်ကြောင်း၊ www. myro.com.mm တွင် လစဉ် လဆန်း ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း သိုလှောင်ရုံလုပ် ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ် ၊ ကုန်လက်ကျန် အခြေအနေ များကို ထည့်သွင်းပေးနိုင်ရေး၊ ၂၀၂၆ ခုနှစ်၊ မေ လ ၂၃ ရက်နေ့ နံနက် (၁၁ : ၃၀) အချိန်တွင် ကယားပြည်နယ်ဦးစီးမှူးရုံးမှ သတင်းနည်းတာဝန်ခံ ဒေါ်အေးအေးမော် ၊ ဌာနခွဲစာရေးသည် လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက် နှင့် မင်္ဂလာရပ်တို့တွင်ရှိသော ဆန် ဆိုင်သို့ ကွင်းဆင်း၍ MyRo မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်ပေးပြီး လစဉ် လဆန်း ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ် ၊ ကုန်လက်ကျန် အခြေအနေ မပျက်မကွက် ဖြည့်သွင်းပေးရန် ဖြည့်သွင်းပေးသည့် အရေအတွက်သည် မြေပြင် လက်ကျန်အရေအတွက်နှင့် မှန်ကန်မှုရှိရန်၊ ဒေသတွင်းဆန်ဈေးနှုန်းများတည် ငြိမ်စေရေးအတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးများကို အခြေခံ၍ သင့်တင့်မျှတ သောနှုန်းထားများဖြင့် ရောင်းချကြရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိ ရပါသည်။
DOCA(ကယား)
