
ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ (၁၂.၅.၂၀၂၆)ရက်နေ့ ၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသင်း ၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရန်ကုန် - ပြည်လမ်း လီတာသောက်ရေသန့်နှင့် အေးငြိမ်သာမြို့သစ် ၊ ဘုရင်နောင်လမ်းရှိ တိုးကောင်းစံ သောက်ရေသန့် လုပ်ငန်းရှင် (၂)ဦးတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးခဲ့ရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပုဒ်မ (၄၁)ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆင်တူရိုးမှား ၊ အတုအပ အမှတ်တံဆိပ်များ ရောင်းဝယ်ခြင်း မပြုလုပ်ကြရန်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)
