တောင်ငူမြို့ရှိ ဆေးဆိုင်များတွင် အထူး/သာမာန်ထိန်းချုပ်ဆေးဝါးများ ရောင်းချခြင်းအတွက် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         တောင်ငူခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ဦးမင်းဇော်၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်မေသန်းနိုင် ညွှန်ကြားရေးမှူး ဦးဆောင်သော တောင်ငူခရိုင်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင် များဖြစ်သည့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ (၂၁.၅.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် တောင်ငူမြို့ပေါ်ရှိ တော်ဝင်အထွေ ထွေရောဂါကု ဆေးရုံ၏ ဆေးဆိုင်နှင့် ကေတုအထွေထွေ ရောဂါကု ဆေးရုံ၏ ဆေးဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           အဆိုပါပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များ၌ အထူး/သာမာန်ထိန်းချုပ်ဆေးဝါး လက်လီ ရောင်းချခြင်းအတွက် ဆေးဆိုင်၏ ထားသိုမှု၊ ဖြန့်ဖြူးရောင်းချခြင်းစနစ်သည် GPP/GSPတို့နှင့် ကိုက်ညီမှု ရှိ/ မရှိ ၊ အရည်အသွေး မပြည့်မီသည့် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင် မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး ၊ သက်ဆိုင်ရာဌာန ထောက်ခံချက် ပါဝင်သောတရားဝင်ဆေးဝါးများနှင့် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီ ရောင်းချမှု ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း များနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော ဆေးဝါးများ ရောင်းချရာတွင် လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်း ပိုမိုသော အမြတ်တင် ရောင်းချမှု များမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ခဲ့သည်။

DOCA(ပဲခူး)