စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦး ဦးဆောင်သော ဝန်ထမ်း(၄)ဦးသည် ၂၀၂၆ခုနှစ်၊ မေလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စား သောက်ကုန်( ကိတ်မုန့်/ ပေါင်မုန့်/ အကြော်/ဖျော်ရည်)ထုတ်လုပ်မှုနည်းပညာသင်တန်း၌ သင်တန်း သား/သင်တန်းသူ စုစုပေါင်း( ၁၅ )ဦးအား လည်းကောင်း၊ နေ့လယ်( ၁၄:၀၀ )နာရီ အချိန်တွင် လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ရဲတပ်ဖွဲ့ဝင်(၅၀)ဦးအားလည်းကောင်း စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ပါတယ်။
ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် သင်တန်း ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ)က ဟောပြောဆွေးနွေးရာတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန် များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍ဖြစ်စေဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အတိုင်းလိုက်နာ ဆောင်ရွက်ရန်လိုအပ် ကြောင်းနှင့် ဥပဒေပါ တားမြစ်ချက်၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါတယ်။
လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူ
သုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ် ပေးထား သောဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့မဟုတ်)ဝန်ဆောင်မှု များ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှ ဖြစ်စေ၊ Doca Myanmar Aplication များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT၊ U9၊ Atom၊ Mytel ဆင်းကဒ် များဖြင့်လည်း Hot Line ဖုန်းနံပါတ် ၁၅၃၅ နံပါတ်သို့ခေါ်ဆို၍ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှုများပြုလုပ် နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ရဲတပ်ဖွဲ့ဝင်များ၏ သိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်းဖြေကြား၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)
