
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များဖြစ်သော မြို့နယ်ထွေ/အုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ မေလ(၂၈)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် ဘိုကလေးမြို့ပေါ် (၃)ရပ်ကွက်ရှိ ဓာတ်မြေဩဇာဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဘိုကလေးမြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်း ဆိုင်များမှလည်း တရားဝင်ရောင်းချသော ကုမ္ပဏီများမှ တဆင့် ဝယ်ယူဖြန့်ဖြူးရောင်းချလျှက်ရှိပါ ကြောင်းနှင့် သက်ဆိုင်ရာစိုက်ပျိုးရေးဌာန မှထုတ်ပေးသော လိုင်စင်များရှိကြောင်းနှင့် ဈေးနှုန်း ဈေးကွက်အခြေအနေနှင့် လက်ကျန်များလည်း ကွင်းဆင်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါ သည်။
( Doca ဧရာဝတီ )
