ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၅.၁၂.၂၀၂၂၀) ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ ဓါတ်မြေဩဇာ ရောင်းချသောဆိုင်(၁၁)ဆိုင်သို့ကွင်းဆင်း၍ ဓါတ်မြေဩဇာ များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိနှင့် အခြားဓါတ်မြေဩဇာများ ထည့်သွင်းရောင်းချခြင်းများ ရှိ/မရှိကို ပူးပေါင်းအဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ညောင်တုန်းမြို့ပေါ်ရှိ ဓါတ်မြေဩဇာဆိုင်များအား ဌာနတို့၏ထောက်ခံချက်မပါသော၊ ခွင့်ပြုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမား အတုအပများကို ရောင်းချခြင်းမပြုရန် ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနကလည်း စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများသာ ဈေးကွက်အတွင်း ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား မပြည်စုံပါက ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး၊ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပုဒ်မ ၇၃ အရ အရေးယူခြင်းကို ခံယူမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့ကလည်း သက်ဆိုင်ရာဌာနတို့၏ ဥပဒေတို့ဖြင့်အရေးယူဆောင်ရွက်နိုင်ကြောင်းကို ရှင်းလင်းဆွေးနွေးစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)