ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲစင်းငုံဈေးကွက်အခြေအနေ

Powered by Drupal

      မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် ပဲစင်းငုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

      ကန့်ဘလူမြို့နယ်တွင် ပဲစင်းငုံသီးနှံ အရောင်းအဝယ်ဖြစ်မှု ကောင်းမွန်လျက်ရှိပြီး မန္တလေး ကုန်စည်ဒိုင်ဈေးကွက်၏ ဝယ်လိုအားမြင့်တက်လာမှုကြောင့် ယခုအပတ်အတွင်း ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။ ဒေသတွင်း ပဲစင်းငုံလက်ကျန်များကို ကုန်သည်များမှ ဝယ်ယူစုဆောင်းနေသဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လက်နေပြီး တောင်သူများလည်း ဈေးကောင်းရရှိချိန်တွင် ထုတ်ရောင်းလာကြကြောင်း သိရသည်။

        ကန့်ဘလူမြို့နယ်၌ ယခင်အပတ်က ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၇၄၀၀၀ မှ ၈၃၀၀၀ အတွင်း ပေါက်ဈေးရှိခဲ့ရာမှ ယခုအပတ်တွင် ကျပ် ၇၅၀၀၀ မှ ၈၅၀၀၀ အထိ မြင့်တက်လာခဲ့ပြီး တစ်တင်းလျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ ခန့် ဈေးတက်လာကြောင်း သိရသည်။ ဈေးနှုန်းမြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ပြည်ပတင်ပို့မှုအတွက် ဝယ်လိုအားဆက်လက်ရှိနေခြင်း၊ ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်နည်းပါးလာခြင်းနှင့် ကုန်သည်များ၏ အဝယ်လိုက်လာမှုတို့ကြောင့်ဖြစ်ကြောင်း ဈေးကွက်လေ့လာသူများက သုံးသပ်ထားသည်။ လက်ရှိအခြေအနေအရ ပဲစင်းငုံဈေးနှုန်းများမှာ တည်ငြိမ်မှုရှိနေသော်လည်း ပြည်ပဝယ်လိုအား ဆက်လက်ကောင်းမွန်နေပါက လာမည့်သီတင်းပတ်များတွင် ဈေးနှုန်းအနည်းငယ် ထပ်မံမြင့်တက်လာနိုင်ကြောင်း ကုန်သည်အသိုင်းအဝိုင်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)