စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေသည်(၈.၁၂.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန် မင်းတုန်းမြို့နယ်၊ ကျောက်ကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြောခဲ့ပါသည်။
ထိုသို့ဟောပြောရာတွင် ဒုခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(ဦးစီးမှူး)မှ ဌာန၏မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေမှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားတွင်ပြည့်စုံစွာပါဝင်ရမည့်အချက်များ၊ ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ရီရီထွေး ဒုဦးစီးမှူးမှစားသုံးသူများရရှိနိုင်မည့် စားသုံးသူအခွင့်အရေး(၈)ချက်၊ လိုက်နာရမည့် တာဝန်(၄)ချက်နှင့် ကံမမြို့နယ် တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်း ဒုဦးစီးမှူးမှ စားသုံးသူ နစ်နာဆုံးရှုံးမှုများ အတွက် တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းနှင့် Internetနှင့် Mobile Application တွင် ဝင်ရောက်တိုင်ကြားပုံ၊ Consumer Call No.1535သို့ ခေါ်ယူတိုင်ကြားနိုင်မှုများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးရုံးမှ ဦးမြင့်ရွှေ ဦးစီးအရာရှိမှလည်း လူငယ်နှင့် ကိုယ်ချင်းစာတရားခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၁၁၇)ဦး တက်ရောက်ခဲ့ပြီး ဌာနမှ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)