မကွေးမြို့၊ မကျီးကန်ကျေးရွာ၌ ထုတ်လုပ်သော Daily ဆရာကြီး(ဒိန်ချဉ်)လုပ်ငန်းအား  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေး

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၁.၁၂.၂၀၂၂)ရက်နေ့ နေ့လယ် (၁၄:၀၀)အချိန်တွင် မကွေးမြို့၊ မကျီးကန်ကျေးရွာ၌ထုတ်လုပ်သော Dailyဆရာကြီး(ဒိန်ချဉ်)လုပ်ငန်းရှင် ဦးညွန့်ဝေအား ခရိုင်ဦးစီးမှူး ရုံးသို့ခေါ်ယူတွေ့ဆုံပြီး  စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

            Daily ဆရာကြီး(ဒိန်ချဉ်)သည် (၀.၂၅)လီတာ၊ (၀.၆)လီတာနှင့်(၁)လီတာဘူးများဖြင့် ထုတ်လုပ်ပြီး Dailyဆရာကြီး စတော်ဘယ်ရီ(ဒိန်ချဉ်)ကို (၀.၂၅)လီတာဘူး တစ်မျိုးတည်းသာ ထုတ်လုပ်ကြောင်း၊ မကွေးမြို့ပေါ်နှင့် နီးစပ်ရာမြို့များဖြစ်သည့် တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်နှင့် စလင်း မြို့များသို့ ထုတ်လုပ်ဖြန့်ချိရောင်းချကြောင်း လေ့လာသိရှိရပါသည်။

            ခရိုင်ဦးစီးမှူး ၊ ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)မှ လုပ်ငန်းရှင် ဦးညွန့်ဝေအား စားသုံးသူကာကွယ်ရေး ဥပဒေ-၂၀၁၉ ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)