စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်(၃)ချက်အနက် ဒုတိယအချက်ဖြစ်သည့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဒီဇင်ဘာလ ၆ ရက်နေ့က စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ Blue Moon သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။
Blue Moon သောက်ရေသန့်လုပ်ငန်းရှင် ဒေါ်ချောအိထူးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ် ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာ မှန်ကန်မှုရှိ /မရှိ၊ ထုတ်ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်မှုရှိ /မရှိ၊ ကွင်းဆင်း စစ်ဆေးခဲ့ရာ သောက်ရေသန့်ဘူးခွံ၌ အသားတင်အလေးချိန်ကို ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်နှင့် ကုန်ချော (ရေသန့်ဘူး)များ စနစ်တကျ သိုလှောင်ထိန်းသိမ်းရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးပြောကြား ခဲ့ကြပါသည်။
DOCA(စစ်ကိုင်း)