
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်း မဂျွယ်ခန်းမ၌ ၂၀၂၆ခုနှစ်၊ ဇွန်လ၅ရက်နေ့မှ၇ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၂၆ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အဆိုပါ အခမ်းအနား၌ ကချင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက Focal ဌာန အဖြစ် ဆောင်ရွက်လျက်ရှိရာ မိတ်ဖက်ဌာနများဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့က ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြပြီး MSME လုပ်ငန်းရှင်လူဦးရေ(၇၀)ခန့် တက်ရောက်ခဲ့ ကြသည်။
အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ၎င်းတို့ ဌာန ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူရေးရာဦးစီးဌာနက MSME ကဏ္ဍနှင့် ကုန်အညွှန်း အမှတ်အသား အကြောင်း သိကောင်းစရာအကြောင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အစား အသောက် လုပ်ငန်း ဘေးမကင်းခြင်းနှင့် ဘေးကင်းရေးအကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ဦးကျော်နိုင်လင်းသည် စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာရမည့်အချက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ MSME ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ချက်များနှင့် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းရှင် များက ဆောင်ရွက်သင့်သည့် အကြံပြုချက်များအား ဆွေးနွေးခဲ့ပြီး ကချင်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနရှိ ဝန်ထမ်းများကလည်း MSME လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
