ထားဝယ်မြို့ တဂူသိမ်စျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၊ နံနက်(၀၈း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာန ပူးပေါင်းအဖွဲ့များဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ တဂူသိမ် စျေးရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့‌စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ဦးစားပေးကုန်စည်များမှ စစ်ဆေးရမည့် ဟင်းခတ်မှုန့်အမျိုးမျိုး၊ ခေါက်ဆွဲနှင့်ကြာဇံများတွင် စားသုံးသူပြည်သူများ‌ ဘေး အန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စားသောက်ကုန်များအား သက်တမ်းကုန် လွန်ခြင်းများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖြစ်စေ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)