မြန်မာ-ဂျပန် ယဉ်ကျေးမှုပွဲတော်၌ စားသုံးသူရေးရာဦးစီးဌာန ပြခန်းပြသ

Powered by Drupal

           မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေး၊ Promotion Area တွင် မြန်မာ-ဂျပန်မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ (၁၀) နှစ်ပြည့်အခမ်းအနားနှင့် မြန်မာ-ဂျပန် ယဉ်ကျေးမှုပွဲတော်အား ၂၀၂၆ ခုနှစ်၊ ဇွန်လ(၆) ရက်နေ့နှင့်(၇) ရက်နေ့တို့၌ စည်ကားသိုက်မြိုက်  စွာကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာ-ဂျပန်မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကျင်းပပြု လုပ်ခဲ့သော SME ဈေးရောင်းပွဲတော်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေး အသိပညာပေး ပြခန်းပါဝင်ပြသခဲ့ပါသည်။

             စားသုံးသူရေးရာဦးစီးဌာနပြခန်းတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊မျှော်မှန်း ချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ Online စနစ်ဖြင့် ရောင်းချခြင်းမှတ်ပုံတင်ရန်အတွက် လိုအပ်ချက်များနှင့် Online ဝန်ဆောင်မှုကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေငြာထား သည့် အခြေအနေများ၊ မြန်မာ့ဆန်စပါး Online (MyRo) တွင် မှတ်ပုံတင်ရန်အတွက်လိုအပ်ချက် များအားပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

             ပြခန်းသို့ လာရောက်လေ့လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူ များမှ သိရှိလိုသော အကြောင်းအရာများကို ပြခန်းတာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(မန္တလေး)