သံလွင်ဆီ(Olive  Oil)၏ အသုံးဝင်ပုံများ

Powered by Drupal

        သံလွင်ဆီဆိုသည်မှာ သံလွင်သီးမှရရှိသောအဆီဖြစ်ပြီး သံလွင်ဆီကိုရှေးယခင်ကတည်း ကလူသိများသည်။ သံလွင်ဆီတွင် အဓိကရောနှောနေသော triglyceride အစုအဝေးများဖြစ်သော Oleic acid ,palmitic acidနှင့်Fatty acid များနှင့် ဖွဲ့စည်းထားပါသည်။ လေ့လာစမ်းသပ်မှုများအရ သံလွင်ဆီထဲတွင် monounsaturated fats အများအပြားပါဝင်သော ကြောင့် နှလုံးသွေးကြောကျဉ်းနှင့် နှလုံးအဆီဖုံးရောဂါများကို လျော့ကျစေသည်ဟု သိရပါသည်။ သံလွင်ဆီ ၂၃ဂရမ် နေ့စဉ်စားသုံးပေးခြင်းဖြင့် သံလွင်ဆီသည် နှလုံးကျန်းမာရေးကို ကောင်းမွန်စေသော ကြောင့်ကိုလက်စရောကိုပုံမှန်လည်ပတ်စေပြီး ခန္ဓာကိုယ်အရောင်ကျစေခြင်း ၊ သွေးခဲမှုကိုဆန့်ကျင်ခြင်း ၊ သွေးတိုးရောဂါကိုသက်သာစေခြင်းစသည့် ဂုဏ်သတ္တိများလည်းရှိပါသည်။ အချို့သောလေ့လာမှုများအရ သံလွင်ဆီကို နေ့စဉ်ပုံမှန်သောက်သုံးပေးပါက သွေးလွှတ်ကြောများ၏ နံရံများကို ကျုံ့နိုင်ဆန်နိုင်အားများစေပြီး သွေးလွှတ်ကြောများ၏ stressကို လျော့နည်းစေပါသည်။

        သံလွင်ဆီသည် antioxidantနှင့် ဗီတာမင်Eတို့ ကြွယ်ဝစွာပါဝင်သောကြောင့်အသား အရည်စိုပြည်စေခြင်း အသားအရည်ပြန်လည်ကောင်းမွန်စေခြင်းတို့ကြောင့်ရှေးယခင်က ဂရိအမျိုးသမီးများသည် အလှအပနှင့် ခန္ဓာကိုယ်အတွက် အသုံးပြုခဲ့သည်။  သံလွင်ဆီ၏ကောင်းကျိုးများအရ သံလွင်ဆီကို လိမ်းဆေးအလှဆီအနေဖြင့်လည်း အသုံးပြုလာကြပါသည်။ သံလွင်ဆီတွင် Extra virgin olive oil ဟာအရေပြားကို moisturizing ဂုဏ်သတ္တိပါဝင်သော ကြောင့် အသားအရည်စိုပြေစေပါသည်။ သံလွင်ဆီကို နားအတွင်းပိုင်းသန့်စင်ဖို့အတွက်လည်း အသုံးပြုကြပါသည်။  သံလွင်ဆီကို မျက်နှာနဲ့တခြားခန္ဓာကိုယ်က အမွှေးတွေဖယ်ရှားသုတ်သင်ဖို့အတွက် shaving oil အနေနဲ့လည်းအသုံးပြုနိုင်ပါသည်။ စမ်းသပ်မှုတွေအရ သံလွင်ဆီလိမ်းပေးခြင်းဖြင့် သံလွင်ဆီနဲ့  UVB rays တွေ ထိတွေ့ရင် ကျူမာနဲ့ အရေပြားကင်ဆာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။  သံလွင်ဆီသည် အလာ့ဂျစ်ဓာတ်မတည့်မှုများ လုံးဝမဖြစ်စေနိုင်ပါ။သံလွင်ဆီမှာ ဝမ်းပျော့စေတဲ့ laxative ဓာတ်ပါရှိပါသည်။  ထိုအပြင် အူကျုံ့ခြင်းကိုလည်း တားဆီးပေးနိုင်ပါသည်။ သံလွင်ဆီမှာပါတဲ့ဓာတ်သည် အင်ဇိုင်းကို တားဆီးပေးသောဓာတ်လည်း ပါရှိသောကြောင့် ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုကိုလည်း လျော့ကျစေပါသည်။

       သံလွင်ဆီကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ ချက်ပြုတ်ခြင်းအလှအပရေးရာ ၊ ဆေးဝါး ထုတ်လုပ်ခြင်း၊ ဆပ်ပြာနဲ့လောင်စာဆီအဖြစ်လည်း အသုံးပြုကြပါသည်။  ကမ္ဘာတဝှမ်းလုံးမှာ သံလွင်ဆီကိုအသုံးပြုကြပြီး အထူးသဖြင့်မြေထဲပင်လယ်၊ အနောက်ဥရောပနှင့် စပိန်နိုင်ငံတို့တွင် အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ယခုနောက်ပိုင်းတွင်ကျယ်ပြန့်ပိုမို အသုံးပြုလာကြပါသည်။

    သံလွင်ဆီမှရရှိသော အိုလစ်အက်ဆစ်အဆီဓာတ်ရာနှုန်း၇၀ကျော်ပါရှိပါသည်။  ထိုအပြင် သံလွင်ဆီသည် အယ်ဇိုင်းမားရောဂါဖြစ်ပွားနှုန်းကိုလျော့နည်းစေပါသည်။ အယ်ဇိုင်းမားရောဂါ သည် ဦးနှောက်နှင့်အာရုံကြောဆဲလ်များထဲတွင် ဘီတာအမိုင်းလွိုက်ဟုခေါ်သော ဓာတ်များစုပုံလာခြင်းကြောင့် ဦးနှောက်ဆဲလ်များ ထိခိုက်လာခြင်းဖြစ်သည်။ သံလွင်ဆီသည် အဆိုပါဓာတ်များကို ဖယ်ရှားပေးနိုင်သောအာနိသင်ရှိပါသည်။  သံလွင်ဆီသည် သွေးတွင်းအချိုဓာတ်ကိုထိန်းညှိပေးနိုင်သောကြောင့် ဆီးချို‌ရောဂါဖြစ်ပွားနိုင်ခြင်းကိုလည်း လျော့ကျစေနိုင်ပါသည်။ ထိုကြောင့် သံလွင်ဆီတွင် ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာရရှိစေနိုင်သော ဂုဏ်သတ္တိများစွာပါဝင်သောကြောင့် သံလွင်ဆီကို ကျန်းမာရေးအတွက် အသုံးပြုပေးရန်လိုအပ်ကြောင်း သုံးသပ်ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ကယား)