စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် မိုးမြေပဲစိုက်ပျိုးထားရှိမှု အခြေအနေ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် စသည့် ကျေးရွာများတွင် ဟင်းသီးဟင်းရွက်စားဖိုဆောင်သီးနှံများ၊  ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးထားသည့်အနက် မိုးမြေပဲကိုလည်း စိုက်ပျိုးထားကြောင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မုံရွာခရိုင်တွင် မိုးမြေပဲ စိုက်ဧက ၆၃၂၅၆  ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

            မိုးမြေပဲကို မေလနှင့် ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် မြေပဲလုံးဆန်အဖြူမျိုးများကို စိုက်ပျိုးကြ‌ပြီး စိုက်ပျိုးထုတ်လုပ် မှုကုန်ကျစရိတ်အနေဖြင့်  မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊   သွင်းအားစုများအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၉၂၃၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်တင်း ၅၃ တင်း ခန့် ထွက်ရှိ၍ ဈေးနှုန်းအနေဖြင့် မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် ၄၂၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၃ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မိုးမြေပဲများကို မုံရွာမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကို တန်ဖိုးမြှင့် ထုတ်ကုန်(Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်းကောင်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ဈေး‌ကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်များရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)