“လားရှိုးမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

           ၂၀၂၆ ခုနှစ်၊ ဇွန်လ(၈) ရက်နေ့ နံနက် ( ၁၁:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ လားရှိုးမှ ဦးဝင်းဇော်( ဦးစီးအရာရှိ )ဦးဆောင်၍ သက်ဆိုင်ရာ မိတ်ဖက် ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့၊ ရပ်ကွက်(၁၂) ရှိ အစားအသောက်ပြုပြင်ရောင်းချနေသော စားသောက်ဆိုင်(၃) ဆိုင်သို့ အစားအသောက်ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊  မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့အသိပေး ဖော်ပြထား ခြင်းရှိ/မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏အမျိုးအစား(Size) ပမာဏ အလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့်ကြိုတင် အသိပေးဖော်ပြထားခြင်းရှိ/ မရှိတို့ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် မိမိ ဆိုင်တွင် အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများအား Apron၊ ခေါင်းစွပ်များဝတ်ဆင်၍ ချက်ပြုတ်စေရန်၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများအပြင် ဝန်ဆောင်မှုပေးသူများ အနေဖြင့် တစ်ကိုယ်ရည် သန့်ရှင်းမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အဖိုးအခ ထပ်မံကောက်ခံမည်ဆိုပါက လုံလောက်သည့်သတင်းအချက် အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြထားရှိရန်၊မိမိတို့ဆိုင်မှရောင်းချသည့် စားသောက်ဖွယ်ရာ များ၏အမျိုးအစား(Size) ပမာဏအလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့်ကြိုတင်အသိပေး ဖော်ပြထားရန်၊ သက်ဆိုင် ရာဌာန၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် ထပ်မံစစ်ဆေးသည့်အခါ အထက်ဖော်ပြပါအချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူ ကာကွယ်ရေးဥပဒေအရ သော်လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါ အရေးယူခံရမည် ဖြစ်ကြောင်း အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)