“လားရှိုးမြို့ရှိ ဆေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

          ရှမ်းပြည်နယ်မြောက်ပိုင်း၊စားသုံးသူရေးရာဦးစီးဌာနဦ လားရှိုးမြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ (၉.၆.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် လားရှိုးမြို့၊ မြို့ဝမ်ရပ်ကွက်ရှိ ဆေးဆိုင်(၂) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      အဆိုပါပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များ၌ အထူး/ သာမာန်ထိန်းချုပ်ဆေးဝါး လက်လီ ရောင်းချခြင်းအတွက် ဆေးဆိုင်၏ ထားသိုမှု၊ ဖြန့်ဖြူးရောင်းချခြင်းစနစ်သည် GPP/GSPတို့နှင့် ကိုက်ညီမှု ရှိ/ မရှိ ၊ အရည်အသွေး မပြည့်မီသည့် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင် မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ပါဝင်သောတရားဝင်ဆေးဝါးများနှင့် ကောင်းမွန်သော ဆေးဝါး ရောင်းချမှု ကျင့်စဉ်နှင့်အညီ ရောင်းချမှု ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း များနှင့် ကိုက်ညီသော ဆေးဝါးများ သာရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော ဆေးဝါးများ ရောင်းချရာတွင် လက်ကားဈေး အပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှုများ မဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)