ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၁.၁၂.၂၀၂၂၀) ရက်နေ့ နံနက် (၁၃:၀၀) နာရီ အချိန်တွင် မအူပင်မြို့ သုံကြိုင်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သရက်ပြင် လုပ်ငန်းရှင်(၂၃)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် ဦးအောင်ဇော်ဦးမှ သရက်ပြင်လုပ်ငန်းရှင်များအား တပိုင်တနိုင်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ခြင်းမှတဆင့် ထုတ်ပိုးမှုတန်ဖိုးမြှင့်တင်ပြီး/ ကုန်အညွှန်း အမှတ်အသားနှင့် အမှတ်တံဆိပ်များထည့်သွင်းကာ ထုတ်ပို့မြှင့်ကုန်စည်အနေဖြင့် စတိုးဆိုင်များတွင် ဖြန်းဖြူးနိုင်သည့်အဆင့်အထိ ကြိုးစားလုပ်ကိုင်ပါက ဝင်ငွေလည်းတိုးပွားလာမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အရ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၁၀)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာအချက်အလက်များ အကြောင်း၊ စားသုံးသူသည် ကုန်စည်(သို့) ဝန်ဆောင်မှုစပ်လျဉ်း၍ ထိခိုက်နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အတွက် စားသုံးသူအခွင့် အရေးနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေး လျက်ရှိသောကြောင့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်အဆို အခန်း(၂၃)ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါကပြစ်မှု၊ ပြစ်မှု၊ပြစ်ဒဏ်များစီရင်ခံနိုင်ကြောင်း လုပ်ငန်းရှင်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)