
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာက စားအုန်းဆီတင်ပို့မှုကို ဗဟိုချုပ်ကိုင်မှုမပြုလုပ်ခင် ဝယ်ယူသူများကို အင်ဒိုနီးရှားမှကုန်စည်များအား ဈေးလျော့ပေးခဲ့ပါက မလေးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့မှုသည် ဇွန်လတွင် ၃ လတာကာလအတွက် ကျဆင်းသွားနိုင်ကြောင်း The Star သတင်းက ဖော်ပြထားသည်။
အင်ဒိုနီးရှားအစိုးရက ဇွန်လ ၁ ရက်နေ့မှာ စားအုန်းဆီ၊ ကျောက်မီးသွေးနှင့် သံနှင့်သံမဏိတို့အား ဗဟိုချုပ်ကိုင် တင်ပို့သည့်စနစ် ကျင့်သုံးရန်စတင်ခဲ့ပြီး ထုတ်လုပ်သူများအနေဖြင့် ရောင်းအားများကို နိုင်ငံပိုင် အဖွဲ့အစည်းအသစ်ဖြစ်တဲ့ Danantara Sumberdaya Indonesia (DSI) သို့ စတင်ပေးပို့ရန် မျှော်မှန်းထားကြောင်း ဇွန်လ ၅ ရက်နေ့ အစီရင်ခံစာများတွင် ဖော်ပြခဲ့သည်။
ယခုကဲ့သို့ မူဝါဒကူးပြောင်းကာလအတွင်း ကုမ္ပဏီများအနေဖြင့် အစောဆုံး စက်တင်ဘာ လ သို့မဟုတ် နောက်အကျဆုံး ဇန်နဝါရီလတွင် DSI က သတ်မှတ်ပို့ကုန်လုပ်ငန်းများကို လွှဲပြောင်းရယူသည့်တိုင်အောင် ငွေပေးငွေယူကိစ္စရပ်များကို ဆက်လက်ကိုင်တွယ်ခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း အဆင့်မြင့်အရာရှိများက ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ Selangor အခြေစိုက်အကျိုးဆောင်လုပ်ငန်း Pelindung Bestari ၏ ဒါရိုက်တာ Paramalingam Supramaniam ၏ ပြောကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ၏ စည်းမျဉ်း အသစ်များသည် မလေးရှားနိုင်ငံ၏ ဝယ်လိုအားကို ပြောင်းလဲသွားလိမ့်မည်ဟု ကနဦးမျှော်လင့်ချက်များရှိသော်လည်း အဓိကတင်သွင်းသူများ၊ အထူးအားဖြင့် ပထမသုံးလပတ်ကာလက လုံလောက်သောပမာဏ ကြိုတင်ဝယ်ယူထားပြီးဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ယနေ့အထိ သက်ရောက်မှု မရှိကြောင်း သိရသည်။ ထို့အပြင် အင်ဒိုနီးရှားသည် မူဝါဒအသစ်ကို အပြည့်အဝ အကောင်အထည်ဖော်ပြီးသည့်တိုင်အောင် တင်ပို့မှုအပေါ် ပိုမိုတွန်းအားပေးမှုများ စတင်ပြုလုပ်ပါ က ယင်းလုပ်ဆောင်ချက်သည် မလေးရှားနိုင်ငံနှင့် အားကောင်းသော ယှဉ်ပြိုင်မှုများဖြစ်ပြီး တင်ပို့မှုများအပေါ် ဖိအားများဖြစ်လာစေလိမ့်မည် ဟု ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားက ဝယ်ယူမှုဆိုင်ရာပြောင်းလဲခြင်းသည် မလေးရှားနိုင်ငံ၏ စားအုန်းဆီ အနာဂတ်အပေါ် ဖိအားဖြစ်လာစေနိုင်ပြီး ပို့ကုန်နှေးကွေးခြင်းများကို ဖြစ်စေနိုင်ကြောင်းနှင့် ဘိုင်အိုလောင်စာဆီထုတ်လုပ်မှုတွင် စားအုန်းဆီအသုံးပြုမှုအပေါ် ဆွဲဆောင်မှုကို လျော့နည်းစေ ပြီး စွမ်းအင်ဈေးနှုန်း လျော့နည်းစေကြောင်း The Star သတင်းက ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီသည် မလေးရှားနိုင်ငံ၏ ရောင်းနိုင်အားထက် လက်ရှိတွင် ပိုမိုစိတ်ဝင်စားဖွယ်ရာ ဈေးနှုန်းများရှိနေပြီး ဈေးကွက်ဝေစုကို ရယူနိုင်ရန် နိုင်ငံအား အခွင့်အရေး ဖန်တီးပေးလျက်ရှိကြောင်း အစီအရင်ခံစာပါ ကုန်သည်တစ်ဦး၏ အဆိုအရ သိရသည်။
မလေးရှားနိုင်ငံ၏ တင်ပို့မှုသည် မေလတွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ၆.၂ ရာခိုင်နှုန်း၊ တန်ချိန်ပေါင်း ၁.၂၂ တန် ကျဆင်းသွားကြောင်း စိုက်ပျိုးရေးအမှုဆောင်များ၊ ကုန်သည်များနှင့် လေ့လာသူများ၏ Bloomberg စစ်တမ်းပါ ခန့်မှန်း ၁၁ အပေါ်အခြေခံသည့် ပျမ်းမျှတွက်ချက်မှု ရလဒ်များအရ သိရသည်။ ပမာဏအားဖြင့် ဖေဖော်ဝါရီလကတည်းက အနိမ့်ဆုံးအဆင့်မှာရှိခဲ့ခြင်း ဖြစ်ပြီး ဧပြီလတွင်လည်း ၁၄ ရာခိုင်နှုန်းထိ ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မေလနောက်ဆုံးပတ် အချက်အလက်များနှင့် ယင်းနေ့၌The Star ၏ အစီရင်ခံချက်များအရ ကမ္ဘာ့ စားအုန်းဆီ ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံ၏ စားအုန်းဆီ လက်ကျန် ပမာဏ (stockpiles) သည် ပြည်ပတင်ပို့မှု သိသိသာသာကျဆင်းသွားခြင်းကြောင့် ၅ လ အတွင်းတွင် သိသိသာသာမြင့်တက်သွားခဲ့သည်။ ယင်းအမြတ်အစွန်းသည် ၂.၂% ထက် နှစ်ဆ ပိုမိုမြင့်တက် ကြောင်း Bloomberg စစ်တမ်းတွင် ခန့်မှန်းထားရှိသည်။ စက်ရုံများအနေဖြင့်လည်း ယခင်လများ နှင့် နှိုင်းယှဉ်ပါက မေလတွင် ၅.၂ ရာခိုင်နှုန်း၊ ၂.၄၃ တန် မြင့်တက်ခဲ့ကြောင်း မလေးရှားနိုင်ငံ စားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ အချက်အလက်များအရ မလေးရှား၏ ပို့ကုန်သည် မေလတွင် ၁၄ ရာခိုင်နှုန်းခန့် တစ်နှစ်အတွင်း အနိမ့်ဆုံးပမာဏဖြစ်သည့် တန်ချိန် ၁.၁၁ သန်း ကျဆင်းသွားခဲ့သည်။
မေလတွင် မလေးရှားစားအုန်းဆီကြမ်းထုတ်လုပ်မှုသည် ၇ ရာခိုင်နှုန်း တန်ချိန် ၁.၅၂ သန်း ထိ ကျဆင်းသွားကြောင်းနှင့် သွင်းကုန်အနေဖြင့်လည်း ၄၂ ရာခိုင်နှုန်း တန်ချိန် ၄၃,၈၁၆ တန် ကျဆင်းသွားကြောင်း MPOB အချက်အလက်များက ဖော်ပြထားသည်။
Mumbai အခြေစိုက် Sunvin အုပ်စုမှ သုတေသနခေါင်းဆောင် Anilkumar Bagani က အင်ဒိုနီးရှား စားအုန်းဆီတင်ပို့သူများသည် စားအုန်းဆီတင်ပို့မှုစောင့်ကြည့်သည့် စနစ်သစ် အပြည့် အဝမစတင်ခင်မှာ စားအုန်းဆီများကို တင်ပို့၍ ရနိုင်သလောက် များများတင်ပို့လိုကြကြောင်း ပြောကြားထားသည်။ အင်ဒိုနီးရှားနိုင်ငံက ပိုမိုသက်သာသောဈေးနှုန်းဖြင့် ပြုပြင်ပြီး ဆီအုန်း ထုတ်ကုန်များကို ရောင်းချခဲ့ခြင်းကြောင့် မလေးရှားနိုင်ငံနှင့် ပြင်းထန်သော ယှဉ်ပြိုင်မှုများကို ရင်ဆိုင်နေခဲ့ရကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ သို့သော်ငြားလည်း အချို့သော နယ်ပယ် အရင်းအမြစ်များအနေဖြင့် မလေးရှားပို့ကုန်များအတွက် ကောင်းမွန်သောအလားအလာများ ကျန်ရှိ နေပါသေးသည်။
စင်ကာပူနိုင်ငံ Fastmarkets Palm Oil Analytics မှ ကျွမ်းကျင်လေ့လာသူ Sathia Varqa က ဇွန်လတွင် ပို့ကုန်များအနေဖြင့် မေလက သက်သာသော ဈေးနှုန်းများရခဲ့ခြင်းကြောင့် ပြန်လည် ဝယ်ယူလာနိုင်ကြောင်းနှင့် ယခင် ဝယ်ယူမှုကျဆင်းခဲ့ ၂ လ ပြီးနောက်တွင် အဓိကတင်သွင်းသူများကို ပြန်လည်ဖြည့်တင်းသိုလှောင်ရန် တွန်းအားပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှား၏ ပို့ကုန်မူဝါဒအပြောင်းအလဲ မရေမရာဖြစ်နေခြင်းသည် မလေးရှားနိုင်ငံမှ ပိုမိုဝယ်ယူမှုကို ဖြစ်လာ စေနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: Ofimagazine, 15 June, 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
