၂၀၂၆ ခုနှစ် ပထမ ၅ လအတွင်း ဆန်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂ ဘီလီယံကျော် ဗီယက်နမ်ရရှိ

Powered by Drupal

    ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်၏ ပထမ ၅ လတာကာလအတွင်း ဆန်တန်ချိန် ၄.၅ သန်း ခန့် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၀၉ ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း နေ့စဉ်သတင်းစာဖြစ်သော VnEconomy က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါအစီရင်ခံစာအရ ဆန်တင်ပို့မှုပမာဏသည် ယမန်နှစ်ကာလတူထက် ၆.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သော်လည်း ပို့ကုန်ဝင်ငွေမှာမူ ယမန်နှစ်ကာလတူထက် ၃.၆ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ကြောင်း သိရသည်။

    ယခုကာလအတွင်း ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်၏ အကြီးမားဆုံး ဆန်တင်ပို့ရာ စျေးကွက် အဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်းဆန်တင်ပို့မှု၏ ၄၆.၉ ရာခိုင်နှုန်းရှိခဲ့သည်။ စျေးကွက် ဝေစု ၁၇.၈ ရာခိုင်နှုန်းရှိသည့် တရုတ်နိုင်ငံကမူ ဗီယက်နမ်၏ ဒုတိယအကြီးဆုံး ဆန်တင်ပို့ရာနိုင်ငံ အဖြစ် ရပ်တည်နေသည်။

Source :  Xinhua, 16 June, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)