အွန်လိုင်းစနစ်ဖြင့် Yadanar Poe အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း များ ရောင်းချသည့် လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် (၁၇.၆.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန် တွင် မကွေးမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့်  Yadanar Poe အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် အချက်အလက်နှင့်မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် အချက်အလက်များ ကိုက် ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က အချက် အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ အွန်လိုင်းမှတ်ပုံတင် လက်မှတ်ရရှိထားသူ၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ အခြားသိကောင်းစရာများနှင့် စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)